သတင်းများ

ညောင်လေးပင်မြို့နယ်၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲအထိမ်းအမှတ် အကြို Talk Show ကျင်းပ
Nov 27,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ‌ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက (၁၀၁) နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြိုအဖြစ် အသိပညာပေး Talk Show အစီအစဉ်ကို လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ယမန်‌နေ့ ၃နာရီခန့်က ကျင်းပခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့Community Centre ခန်းမ၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေးနံရံကပ်စာစောင်များပြသ
Nov 27,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ လူထုအခြေပြုဗဟိုဌာန ( Cimmunity Centre)ခန်းမတွင် လူကုန်ကူးမှုအန္တရာယ် တားဆီး ကာကွယ်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေး နံရံကပ် စာစောင်များကို ယနေ့ နံနက် ၁၀ နာရီက ပြသခဲ့ကြောင်း သိရသည်။  
ပလောက်မြို့တွင် အမျိုးသားအောင်ပွဲနေ့အကြို စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲကျင်းပ
Nov 27,2021
တနင်္သာရီဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ (၁၀၁)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန  Community Centre ခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သံဖြူဇရပ်မြို့၌ “ကိုဗစ်-၁၉ရောဂါ ကာကွယ်​ဆေး ကျောင်းသား၊ ကျောင်းသူတိုင်း ထိုးနှံပေး” အသိပညာပေး (Talk Show) ဆောင်ရွက်
Nov 27,2021
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြု  ဗဟို ဌာန(Community Center)ခန်းမတွင်  အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူ များကိုဗစ်-၁၉ရောဂါ  ကြိုတင်ကာကွယ်နိုင်ရန်နှင့်   ဖြစ်ပွားမှုကိုထိရောက်စွာ    ဟန့်တားနိုင်ရေးတို့ အတွက်ရည်ရွယ်၍ယမန်နေ့မွန်းလွဲပိုင်းက“ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကျောင်းသား၊ကျောင်းသူ တိုင်းထိုးနှံပေး” အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပကြောင်း သိရသည်။
(၁၀၁) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုစာစီစာကုံး ပြိုင်ပွဲကျင်းပ
Nov 27,2021
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံးတွင် ၂၀၂၁ခုနှစ်၊နိုဝင်ဘာလ (၂၈) ရက်နေ့တွင် ကျရောက်မည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က တောင်သာ အ.ထ.ကကျောင်း တွင် ကျင်းပ ခဲ့ကြောင်းသိရသည်။
ဒေးဒရဲမြို့နယ် မငေးကလေးကျေးရွာအုပ်စုတွင်  ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကွင်းဆင်းဆောင်ရွက်ပေး
Nov 27,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့် အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကျေးရွာအရောက်  ကွင်းဆင်း ဆောင်ရွက်ပေးခြင်းကို  ယမန်နေ့နေ့လည်ပိုင်းက ဒေးဒရဲမြို့နယ် မငေးကလေးကျေးရွာ အုပ်စု တွင် ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
(၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် Talk Show ပြုလုပ်
Nov 27,2021
ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် Talk Show ကို ယမန့်နေ့ ညနေပိုင်းက ပုလော မြို့နယ် Community Centre တွင် ကျင်းပပြုလုပ်ခဲ့သည်။
တိုက်ကြီးမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်
Nov 27,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ခု၊ (၆)လဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း စတင်အကောင်အထည်ဖော် ဆောင်ရွက်မည့် ဖလုံဘူတာကျေးရွာအုပ်စု၊  ဂေါ်ရင်ဂျီကုန်းကျေးရွာ၊ ရင်းတိုက်ကွင်းကျေးရွာအုပ်စုနှင့် ကြည်ကုန်းကျေးရွာများအား မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ယမန် နေ့ နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ရောဂါ စည်းကမ်းချက်များနှင့်အညီကျင်းပပြုလုပ်ခဲ့သည်။