ဒေးဒရဲမြို့Community Centre ခန်းမ၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေးနံရံကပ်စာစောင်များပြသ

ဒေးဒရဲ နိုဝင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ လူထုအခြေပြုဗဟိုဌာန ( Cimmunity Centre)ခန်းမတွင် လူကုန်ကူးမှုအန္တရာယ် တားဆီး ကာကွယ်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေး နံရံကပ် စာစောင်များကို ယနေ့ နံနက် ၁၀ နာရီက ပြသခဲ့ကြောင်း သိရသည်။  

အဆိုပါ အသိပညာပေး နံရံကပ်စာစောင်များတွင် လူကုန်ကူးမှု ကျူးလွန်သူများ ပြုလုပ်သည့် အဆင့်(၄)ဆင့် ဖော်ပြချက်၊ လူကုန်ကူးသူကခေါင်းပုံဖြတ်ချင်းများ၊ လူကုန်ကူးခံရပါက ထိခိုက် စေနိုင်သော ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ လူကုန်ကူးခြင်းကြောင့် ဖြစ်ပေါ် လာနိုင်သော မျက်မှောက်သံသရာ ဆိုးကျိုးများ၊ လူကုန်ကူးခံရပါက တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေများနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အကြောင်း သိကောင်းစရာများ ကို မှတ်တမ်းဓာတ်ပုံများဖြင့် အများပြည်သူ့လေ့လာဖတ်ရှုနိုင်ရေး ခင်းကျင်းပြသထားကြောင်း သိရသည်။

အေဇာလင်း(ပြန်/ဆက်)