ပလောက်မြို့တွင် အမျိုးသားအောင်ပွဲနေ့အကြို စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲကျင်းပ

ပလောက်  နိုဝင်ဘာ  ၂၇

တနင်္သာရီဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ (၁၀၁)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန  Community Centre ခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့မှ ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗဟုသုတရရှိစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ ပြည်သူ့စာကြည့်တိုက် အားအသုံးချ တတ်စေရန်၊ တီထွင်ကြံဆလုပ်ကိုင်တတ်စေရန်ရည်ရွယ်၍ကျင်းပရခြင်းဖြစ်ပြီးပလောက်မြို့၊ မူလတန်းလွန်ကျောင်းမှ ကျောင်းသား/ကျောင်းသူ(၁၀)ဦးဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။

နှင်းမြူလွင်  (ပလောက်)