သံဖြူဇရပ်မြို့၌ “ကိုဗစ်-၁၉ရောဂါ ကာကွယ်​ဆေး ကျောင်းသား၊ ကျောင်းသူတိုင်း ထိုးနှံပေး” အသိပညာပေး (Talk Show) ဆောင်ရွက်

သံဖြူဇရပ်     နိုဝင်ဘာ     ၂၇

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြု  ဗဟို ဌာန(Community Center)ခန်းမတွင်  အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူ များကိုဗစ်-၁၉ရောဂါ  ကြိုတင်ကာကွယ်နိုင်ရန်နှင့်   ဖြစ်ပွားမှုကိုထိရောက်စွာ ဟန့်တားနိုင်ရေးတို့ အတွက်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲပိုင်းက“ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကျောင်းသား၊ကျောင်းသူ တိုင်းထိုးနှံပေး” အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် သံဖြူဇရပ်မြို့နယ်  ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူးဒေါ်အေးအေးမွန်ကအသိပညာပေးဆွေးနွေးပွဲ(Talk Show)ကျင်းပရခြင်း    ရည်ရွယ်ချက်ကို ရှင်းလင်းပေးပြီး မြို့နယ်ပညာရေးမှူးဒေါ်မြင့်အေးက ကျောင်းသား၊ကျောင်းသူများ ကိုဗစ်-၁၉ရောဂါ ဆေးထိုးနှံပေးမှုနှင့်ဆေးထိုးစုရပ်များဆောင်ရွက်ထား မှုအခြေအနေ၊ ကာကွယ်ဆေးထိုးနှံ ပေးရာတွင် မိဘများနှင့် တွေ့ဆုံဆွေးနွေး   ဆောင်ရွက်ထားရှိမှု  အခြေအနေနှင့် အခြေခံပညာ ကျောင်းများတွင် ကျန်းမာရေးဝန်ကြီးဌာန၏  ကာကွယ်ရေး  စည်းကမ်းချက်များအညီ စနစ်တကျ ဆောင်ရွက်ထားရှိမှုတို့ကို အသေးစိတ် ဆွေးနွေးပေးကြောင်း သိရသည်။

အေးအေးမွန်(ပြန်/ဆက်)