တိုက်ကြီး နိုဝင်ဘာ ၂၆
ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ခု၊ (၆)လဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း စတင်အကောင်အထည်ဖော် ဆောင်ရွက်မည့် ဖလုံဘူတာကျေးရွာအုပ်စု၊ ဂေါ်ရင်ဂျီကုန်းကျေးရွာ၊ ရင်းတိုက်ကွင်းကျေးရွာအုပ်စုနှင့် ကြည်ကုန်းကျေးရွာများအား မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ယမန် နေ့ နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ရောဂါ စည်းကမ်းချက်များနှင့်အညီကျင်းပပြုလုပ်ခဲ့သည်။
မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ရာလည်း တိုက်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဒေါ်စုသီတာလင်းက ကျေးလက်နေပြည်သူများ ဆင်းရဲမှု လျော့ကျစေရန်နှင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ၊ အခြားမိသားစုဝင်ငွေ တိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက် နိုင်စေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာ စီမံကိန်းကို အကောင် အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ဖလုံဘူတာ ကျေးရွာ အုပ်စု၊ ဂေါ်ရင်ဂျီကုန်းကျေးရွာ၊ ရင်းတိုက်ကွင်းကျေးရွာ အုပ်စုနှင့်ကြည်ကုန်းကျေးရွာတို့ရှိ ကျေးရွာစီမံကိန်း ကော်မတီဝင်များထံသို့ ကျေးရွာ(၁)ရွာလျှင် မြစိမ်းရောင်ရန်ပုံ ငွေကျပ်သိန်းသုံးရာစီကို စနစ်တကျလွှဲ ပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲသို့ တိုက်ကြီးမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာစီမံကိန်း ကော်မတီဝင်(၁၆)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စန်းကလျာခိုင် ( ပြန် / ဆက်)