သတင်းများ

နတ်မောက်မြို့နယ်တွင် ဗိုလ်ချုပ်နေအိမ်ပြတိုက်အား မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် စစ်ဆေးအကြံပြုခြင်းလုပ်ငန်းများဆောင်ရွက်
Nov 27,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် အောင်ဆန်းရပ်ကွက်ရှိ ဗိုလ်ချုပ် နေအိမ်ပြတိုက်အား ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ် အချိန်ခန့်က မီးဘေးအန္တရာယ် ကင်းရှင်းရေးအတွက် စစ်ဆေးအကြံပြုခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ပခုက္ကူခရိုင်စီမံချုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တက္ကသိုလ်တာဝန်ခံ ပါမောက္ခချုပ်များနှင့်တွေ့ဆုံဆွေးနွေး
Nov 27,2021
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ပခုက္ကူခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ နည်းပညာတက္ကသိုလ်နှင့်ကွန်ပျူတာတက္ကသိုလ်များမှ တာဝန်ခံပါမောက္ခချုပ်များနှင့်တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ပခုက္ကူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ကျင်းပခဲ့သည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့် ပခုက္ကူမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုစစ်ဆေး၊ ကျန်းမာရေးဝန်ထမ်းနှင့်တွေ့ဆုံ
Nov 27,2021
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ပခုက္ကူမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ကြည့်ရှုစစ်ဆေးခြင်း၊ ကျန်းမာရေး ဝန်ထမ်းများနှင့်တွေ့ဆုံခြင်းတို့ကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
မိုးမောက်မြို့တွင် ကိုယ်လက်လှုပ်ရှားအားကစားဆိုင်ရာအသိပညာပေး Talk Show ဆွေးနွေးပွဲဆောင်ရွက်
Nov 27,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ၌ ယနေ့ နံနက် ၁၀ နာရီခန့်က ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်−၁၉ ကာလ အတွင်း ပြည်သူများအား ကျန်းမာရေးအကျိုးပြုနိုင်စေရေးအတွက် ရည်ရွယ်၍ ကိုယ်လက် လှုပ်ရှားအားကစားဆိုင်ရာ Talk Show ဆွေးနွေးပွဲကို Online မှတစ်ဆင့် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့မှထောက်ပံ့လှူဒါန်းသည့် ကုတင်(၂၀၀)ပြည်သူ့ဆေးရုံ အောက်ဆီဂျင်စက်ရုံဖွင့်ပွဲကျင်းပ
Nov 27,2021
ဧရာ၀တီတိုင်းဒေသကြီး အစိုးရအဖွဲ့၀န်ကြီးချုပ်နှင့်အဖွဲ့သည် လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် စက်မှု လက်မှုသင်တန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် သင်တန်းများသင်ကြားမှုကိုကြည့်ရှု အားပေးခဲ့ပြီး  လပွတ္တာခရိုင် ကုတင်(၂၀၀)ပြည်သူ့ဆေးရုံ အောက်ဆီဂျင်စက်ရုံဖွင့်ပွဲ အခမ်းအနားကို  ယနေ့နံနက် ၁၀ နာရီ အချိန်က ကျင်းပပြုလုပ်ကြောင်းသိရသည်။
မိုင်းပျဉ်းမြို့၌(၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်ဟောပြောပွဲနှင့်ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ
Nov 27,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌(၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မိုင်းပျဉ်း မြို့နယ်ရုံး (Community Center) ခန်းမတွင်ကျင်းပသည်။
မဘိမ်းမြို့နယ်တွင် ဆောင်းသီးနှံစိုက်တောင်သူများအား စိုက်ပျိုးစရိတ်များထုတ်ချေးပေး
Nov 27,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် မိုးမိတ်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ်မှ မဘိမ်းမြို့နယ်အတွင်းရှိ ဆောင်းသီးနှံစိုက်တောင်သူများအာ စိုက်ပျိုးစရိတ်များ ထုတ်ချေးပေးခြင်းကို ယနေ့နံနက် ၁ဝ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အ စည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။