သတင်းများ

ငဖဲမြို့နယ်တွင် “ အမျိုးသားအောင်ပွဲနေ့ ” စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲ ကျင်းပ
Nov 27,2021
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများ တွင် ၂၀၂၁ ခုနှစ် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် “အမျိုးသားအောင်ပွဲနေ့ ဒို့မမေ့” ခေါင်းစဉ်ဖြင့် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲကျင်းပ
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံပိုက်ကျော်ခြင်းပြိုင်ပွဲတွင် (တံခွန်စိုက်)ဆုရရှိသော တနင်္သာရီမြို့နယ် ပိုက်ကျော်ခြင်းအသင်းအား ဂုဏ်ပြုချီးမြှင့်
Nov 27,2021
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲတွင် တံခွန်စိုက်ဆုရရှိခဲ့ကြသော တနင်္သာရီမြို့နယ်ကိုယ်စားပြု အမျိုးသမီး(၂) ယောက်တွဲနှင့်(၃)ယောက်တွဲပြိုင်ပွဲဝင်အသင်းအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ ၁၂ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဂုဏ်ပြုကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်နှင့်အဖွဲ့ဝင်များ၊ မိတ်ဘက် ဌာနဆိုင်ရာဦးစီးမှူးများ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ပပထွန်းနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
ကျောက်ဆည်မြို့နယ်တွင် ငှက်ပျောစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Nov 27,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် သံရွာ၊ ပုန်းညက်ကျေး၊ ရဲကြီး၊ အရှေ့သာဂရ၊ ဖျောက်ဆိပ်ပင်၊ အနောက်ရေဖျားတော၊ အနောက်ငယ်တိုး၊ အနောက်ငါးဆူ၊ သင်ပျိုကျေးရွာများတွင် ငှက်ပျော အများဆုံးစိုက်ပျိုးကြကြောင်း သိရှိရပြီး မြေစိုကျေးရွာတွင် စိုက်ပျိုးထားသော ငှက်ပျော စိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ထန်းတပင်မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေး
Nov 27,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန ထန်းတပင်မြို့နယ် ဦးစီးမှူးရုံးမှ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ဆောင်စို့ ဆောင်ပုဒ်နှင့်အညီ  ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ် ဆောင်ရွက် ပေးခြင်းကို ယနေ့နံနက် ၉နာရီက မြို့နယ်ဦးစီးမှူးရုံးတွင် ပြုလုပ်ပေးသည်။
နတ်မောက်မြို့လူထုအခြေပြု ဗဟိုဌာန၌ ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) ရေးသားသည့် “အလုပ်ဆိုတာအင်အားပါ” စာအုပ်ဖြင့်စာဖတ်ဝိုင်းကျင်းပ
Nov 27,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းများစုပေါင်း၍ စာရေးဆရာမ ဒေါက်တာမတင်ဝင်း(ပညရေးတက္ကသိုလ်) ရေးသားထားသည့် အလုပ်ဆိုတာအင်အားပါစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ညနေ (၃) နာရီအချိန်ခန့်က လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
သီပေါမြို့နယ်တွင် မူလတန်းကြိုကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး  လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်ဆောင်ရွက်
Nov 27,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် မူလတန်းကြိုကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့ နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စာရေးဆရာ ဟန်ညွန့် (ယဉ်ကျေးမှု) ရေးသားသည့် “သူငယ်ချင်းသို့” ကဗျာအား စာဖတ်ဝိုင်း ပြုလုပ်
Nov 27,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များစုပေါင်း၍ စာရေးဆရာ ဟန်ညွန့်(ယဉ်ကျေးမှု) ရေးသားသည့် ၂၁.၉.၂၀၂၁ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ပါရှိသည့် “သူငယ်ချင်းသို့”ကဗျာအား  စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယနေ့နံနက် (၁၀) နာရီက ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျွန်းလှမြို့မ ရဲစခန်းအချုပ်တွင် အချုပ်ခံနေရသူများအား ဥပဒေဆိုင်ရာအခွင့်ရေးများ ရရှိရေး ကွင်းဆင်းစစ်ဆေး
Nov 27,2021
 စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့မ ရဲစခန်းအချုပ်တွင် အချုပ်ခံနေရသူများ အား ဥပဒေဆိုင်ရာအခွင့်အရေးများ ရရှိရေးအတွက် ယနေ့ နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။