(၁၀၁) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုစာစီစာကုံး ပြိုင်ပွဲကျင်းပ

တောင်သာ နိုဝင်ဘာ  ၂၇

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံးတွင် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်နေ့တွင် ကျရောက်မည့် (၁၀၁) နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က တောင်သာ အ.ထ.ကကျောင်း တွင် ကျင်းပ ခဲ့ကြောင်းသိရသည်။

၂၀၂၁ ခုနှစ်၊နိုဝင်ဘာလ(၂၈)ရက်နေကျရောက်မည့့် (၁၀၁)နှစ်မြောက် အမျိုးသားအောင် ပွဲနေ့  အထိမ်းအမှတ်အဖြစ်  ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံးပြိုင်ပွဲကို တောင်သာ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများကဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြ ပြီး၊ ဆရာ/ဆရာမများက ကြီးကြပ်၍  (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို နှစ်စဉ်နှစ် နှစ်တိုင်း  ကျင်းပပြုလုပ်ပေးပြီး ဆုများလည်းချီမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်မျိုးနိုင် (တောင်သာ)