(၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် Talk Show ပြုလုပ်

ပုလော    နို၀င်ဘာ    ၂၇

ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် Talk Show ကို ယမန့်နေ့ ညနေပိုင်းက ပုလော မြို့နယ် Community Centre တွင် ကျင်းပပြုလုပ်ခဲ့သည်။

Talk Show တွင် ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ (တာ၀န် ပေး) ဒေါ်အေးအေးမော်က အမျိုးသားအောင်ပွဲနေ့ သမိုင်းသည် မြန်မာတစ်မျိုးသားလုံး၏ လွတ်လပ် ရေးသမိုင်းနှင့် ဆက်နွယ်နေသည့် မြန်မာတိုင်ရင်းသားတို့၏ သူ့ကျွန်မခံလိုသော စိတ်ဓာတ် ပေါ်ထွန်းခဲ့ သည့် ရှေးဘိုးဘွားဘီပင်က စိုက်ထူခဲ့သည့် အကျိုးရလာဒ်ကောင်းများကို ယနေ့ခေတ် လူငယ်များ ရရှိခံစားနိုင်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

ယင်းနောက် ပုလောမြို့ အမှတ်() ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်သန်း၀င်းက မြန်မာနိုင်ငံ၏ အမျိုးသား အောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ မျိုးချစ်စိတ်ဓာတ်များ နိုးကြားလာကာ မြန်မာ့ လွတ်လပ်ရေးကို ပထမကျောင်းသားသပိတ်မှစတင်ပြီး ကြိုးပမ်းဆောင်ရွက်ခဲ့ပုံများ၊ အမျိုးသား အောင်ပွဲနေ့၏ အနှစ်သာရများနှင့် အနာဂတ်နိုင်ငံတွင် နိုင်ငံတာ၀န်များကို  လက်ကမ်းကမ်း ထမ်းဆောင်ကြမည့် မျိုးဆက်သစ်လူငယ်များ သမိုင်းအစဉ်အဆက်မပြတ် နိုင်ငံတာ၀န်များကို ထမ်းဆောင်ပေးနိုင်ကြစေလိုကြောင်း အသိပေး ဆွေးနွေးခဲ့သည်။

အေးအေးမော်(ပုလော)