တာမွေမြို့နယ်အတွင်းရှိ အထူးကုဆေးခန်းများနှင့် ဓာတ်ခွဲခန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Nov 27,2021
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင် သာယာရေးကော်မတီမှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသော အထူးကုဆေးခန်းများနှင့် ဓာတ်ခွဲခန်းများအား ကျန်းမာရေးဝန်ကြီးဌာနတွင် တရားဝင် မှတ်ပုံတင်ထားခြင်း ရှိ/မရှိနှင့် တရားဝင် မှတ်ပုံတင် ထားပါကလည်း ကိုဗစ် - ၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ထားခြင်း ရှိ/မရှိတို့ကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။