ကြို့ပင်ကောက်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ
Nov 27,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ မွန်းလွဲပိုင်းက စာရေးဆရာခင်စောတင့်၏ “ဆုံးဖြတ်ဖို့ခက်ခဲ နေမယ်ဆိုရင်” စာအုပ်ကို Book Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။