သတင်းများ

ကျောက်မဲမြို့နယ်၏ (၄၂) ကြိမ်မြောက် ရွှေကျင်နိကာယဝိနယာနုဂ္ဂဟ စာပြန်ပွဲအတွက် ဌာနဆိုင်ရာများမှ စုပေါင်း၍ ဆန်နှင့်ဆီများ ဆက်ကပ်လှူဒါန်း
Nov 29,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ သီဟိုဠ် စာသင်တိုက်တွင် ကျင်းပပြုလုပ်သည့် (၄၂) ကြိမ်မြောက် ရွှေကျင်နိကာယဝိနယာ နုဂ္ဂဟ စာပြန်ပွဲအတွက် ယမန်နေ့ နေ့လယ် ၁၂ နာရီ အချိန်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ စုပေါင်း၍ ဆန် (၃၀) အိတ်နှင့်ဆီ (၆၀) ပိဿာ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ
Nov 29,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တွင် ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၃၅)ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ အမှတ်(၃)အခြေခံပညာ အထက်တန်း ကျောင်း၊ တော်ဝင်သဇင်ခန်းမတွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
ကျောက်ဖြူမြို့၊ ပေါ်တော်မူ ကံ့ကော်တောဘုရား၌ ရွေ့လျားစာကြည့်တိုက် Mobile Library ဖွင့်လှစ်ဆောင်ရွက်
Nov 29,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ တန်ခိုးကြီးဘုရား တစ်ဆူဖြစ်သည့် ပေါ်တော်မူ ကံ့ကော်တောဘုရားသို့ ရုံးပိတ်ရက်ရှည် အားလပ်ရက်များတွင် ဘုရားဖူးရန် လာရောက်ကြသည့် ဘုရားဖူးပြည်သူများအား   စာအုပ်စာပေများ လေ့လာဖတ်ရှုပြီး အသိဉာဏ်ပညာ ဗဟုသုတများ တိုးပွားလာစေရန်နှင့် စာပေဖတ်ရှု သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အဆိုပါဘုရားသို့ သွားရောက်၍ Mobile Library ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
လပွတ္တာခရိုင် ကုတင်(၂၀၀)ပြည်သူ့ဆေးရုံနှင့်ကြက်ခြေနီ အသင်းသို့ Oxygen Concentrator နှင့် Oxygen  Cylinder များ ပေးအပ်လှူဒါန်း
Nov 29,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာ ခရိုင်ကုတင်(၂ဝ၀) ပြည်သူ့ ဆေးရုံနှင့်ကြက်ခြေနီ အသင်းသို့ ဧရာဝတီတိုင်း ဒေသကြီးကြက်ခြေနီ ကြီးကြပ်မှုကော်မတီ၊ တိုင်းကြက်ခြေနီ အသင်းမှ Oxygen Concentrator နှင့် Oxygen Cylinder အသုံးအဆောင်ပစ္စည်းများ လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် (၁၁)နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
မုဒုံမြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်း၌  သီးသန့်လူနာဆောင် (အသစ်) ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပ
Nov 29,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်း၌ သီးသန့်လူနာဆောင်(အသစ်) ဆောက်လုပ်ရန်အတွက် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက  ကျင်းပပြုလုပ်သည်။
တာမိုးညဲမြို့၌ ဝေယံဘုံသာကျောင်းတိုက်၌ စုပေါင်းမဟာဘုံကထိန်ပွဲကျင်းပ
Nov 29,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့အဆင့် ဌာနဆိုင်ရာများ စုပေါင်း၍ ​ဝေယံဘုံသာကျောင်းတိုက်၌ ကထိန်လျာသင်္ကန်းနှင့် လှူဒါန်းဖွယ်ရာပစ္စည်းများ ဆက်ကပ်လှူဒါန်းသည့် စုပေါင်းမဟာဘုံကထိန် အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ဝေယံဘုံသာ ကျောင်းတိုက်၌ ကျင်းပခဲ့သည်။
နာဂဒေသ၊ လေရှီးမြို့၌ ၁၀၁-နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Nov 29,2021
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ၁၀၁-နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ယမန်နေ့တွင် လမ်းဆုံနေရာများ၊ ဈေးဆိုင်များနှင့် မြို့နယ်ပြည်သူ့ဆေးရုံ အစရှိ သည့်နေရာများတွင် အခမဲ့ဖြန့်ဝေပေးခဲ့‌ကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားကျင်းပ
Nov 29,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ တောတိုက်ဓမ္မရိပ်သာဘုန်းကြီးကျောင်းတွင် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဟူသော ဆောင်ပုဒ်နှင့် အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက ပြုလုပ်ကျင်းပ ခဲ့ကြောင်း သိရသည်။