မအူပင် နိုဝင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက “၁၀၁”နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာ အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်ပြပွဲကို မအူပင်ခရိုင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
မအူပင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ အသိပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ “၁၀၁” နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အကြောင်း သိကောင်း စရာများ အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်ပြပွဲ ဆောင်ရွက်ရခြင်းအကြောင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်တာဝန်ခံ ဒေါ်တင်သူဇာလှိုင်က ပြောကြားခဲ့ပြီး ဆက်လက်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲဝင် ဆရာဦးဘိုထွေးက အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ၊ မြန်မာ့သမိုင်းမှာ မြန်မာ တစ်မျိုးသားလုံး မမေ့ပျောက်နိုင်သော ဂုဏ်ယူမြတ်နိုးဖွယ်ရာ အမျိုးသားအောင်ပွဲနေ့၏ အရေးပါပုံနှင့် အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများ ဟောပြောခဲ့သည်။ ဟောပြောပွဲအပြီးတွင် စာအုပ်စာစောင်ပြပွဲကျင်းပရာ တက်ရောက်လာသူများက လေ့လာ ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
ခရိုင် ပြန်/ဆက်(မအူပင်)