ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ကျိုင်းတုံ)ရုံး၏ မိသားစုစည်းရုံးရေးနှင့် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီဆွေးနွေးပွဲကျင်းပ

ကျိုင်းတုံ နိုဝင်ဘာ ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ဒုတိယအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန (ကျိုင်းတုံ)ရုံး၏ မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဆွေးနွေးပွဲကို နိုဝင်ဘာ ၂၈ ရက်က အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်နယ်ဒုတိယအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန (ကျိုင်းတုံ)၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်ယဉ်လှိုင်ဝင်း အမှာစကားပြောကြားပြီး မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီအဖွဲ့ဝင် ဒေါ်ချိုမျိုးထိုက်နှင့် ဒေါ်ခင်မာလာတို့က ကျောင်းနေအရွယ် ကလေးတိုင်း ပညာသင်ကြားနိုင်ဖို့ ကိုဗစ်ကာကွယ်ဆေး ထိုးနှံရေးဆိုင်ရာများနှင့် ပြည်သူများကျန်းမာဖို့ ဆီစားသုံးမှုလျော့ချရေးဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးပြောကြား သည်။

ထို့နောက်  ပြည်နယ်ဒုတိယအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန (ကျိုင်းတုံ)၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်ယဉ်လှိုင်ဝင်းက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြီး ရုံးဝန်ထမ်းများအား တူညီဝတ်စုံများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)