သုံးခွမြို့နယ်သမဝါယမအသင်းစု၌ စားအုန်းဆီများအား ဈေးနှုန်းချိုသာသွာဖြင့် ရောင်းချပေး

သုံးခွ နိုဝင်ဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် သမဝါယမအသင်းစု၌ ယနေ့ နံနက် ၈နာရီခွဲ အချိန်က စားအုံးဆီများအား ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိကြောင်း သိရ သည်။

ယင်းသို့ ရောင်းချရာတွင် ရန်ကုန်တိုင်းဒေသကြီး သမဝါယမ ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချပေးသော စားအုန်းဆီ ပေပါ (၂၀)၊ ပိဿာ (၂၂၀၀)ကို ဒုတိယအစီအစဉ်ဖြင့် သုံးခွ၊ ခရမ်း၊ သံလျင် မြို့နယ် သုံးမြို့နယ်အတွက် ခွဲ‌ဝေရရှိရာမှ သုံးခွမြို့နယ်အတွက် စားအုန်းဆီ(၇)ပေပါကို မြို့နယ် အတွင်းရှိ သမဝါယမဦးစီးဌာန အဆင့်ဆင့်ရှိ အသင်းသူ၊ အသင်းသားများနှင့် အများ ပြည်သူများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ဈေးနှုန်းချိုသာစွာဖြင့် စားအုံးဆီများ ရောင်းချခြင်းကို ၂၉-၁၁-၂၀၂၁ ရက်နေ့မှ စတင်၍ သုံးခွမြို့နယ် သမဝါယမအသင်းစု အရောင်းဆိုင်တွင် ရောင်းချပေးမှာဖြစ်ပြီး ဆီငါးဆယ်သား တစ်ဘူးလျှင် ၂၂၅၀ ကျပ်၊ တစ်ပိဿာလျှင် ၄၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ် ကြောင်း သိရသည်။

စည်သူလင်း ပြန်/ဆက်