ပုသိမ်မြို့တွင် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲနှင့် လက်ကမ်း စာစောင်များဖြန့်ဝေ
Nov 29,2021
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)က ထုတ်ဝေသည့် (၁၀၁) နှစ်မြောက် အမျိုး သားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ပုသိမ်ခရိုင် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းက ပုသိမ်မြို့ အခြေခံပညာ အထက်တန်းကျောင်းများ၊ မြို့မဈေးနှင့် လူစည်ကားရာ နေရာများတွင် ဒေသခံပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့သည်။ အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် "နိုင်ငံသာယာဝပြောဖို့ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စို့" ဆောင်ပုဒ်နှင့် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ