ကျိုင်းတုံမြို့သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ တပ်မတော်လေယာဉ်ဖြင့်ပို့ဆောင်

ကျိုင်းတုံ   နိုဝင်ဘာ     ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ဆေး အလုံးရေ ၂၄၅၄ ကို တပ်မတော်လေယာဉ် ဖြင့် ရန်ကုန်မြို့မှ ပို့ဆောင်ပေးခဲ့ရာ ယမန်နေ့ ညနေ ၃ နာရီက ရောက်ရှိသည်။

တပ်မတော်လေယာဉ်ဖြင့် ပို့ဆောင်လာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm အမျိုးအစား အလုံးရေ ၂၄၅၄ နှင့်အတူ ဆေးထိုးအပ်များ ကျိုင်းတုံမြို့သို့ ရောက်ရှိခဲ့ရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်နှင့်   တာဝန်ရှိသူများက ကြိုဆိုလက်ခံကြသည်။

အဆိုပါ ရောက်ရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm အမျိုးအစား အလုံးရေ ၂၄၅၄ သည် တစ်လုံးလျှင် လူဦးရေ ၅ ဦး ထိုးနှံပေးနိုင်ပြီး လူဦးရေ ၁၂၂၇၀ ဦး စာအတွက် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရှိ မြို့နယ်များအလိုက် ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ဆက်လက် ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့် (ပြန်/ဆက်)