GMS-Business Council ၏ “2 nd 2021 Board of Directors’ Meeting” ကျင်းပ

လမ်းမတော် နိုဝင်ဘာ ၃၀

မဟာမဲခေါင်ဒေသခွဲ (Greater Mekong Subregion-GMS) စီးပွားရေးကောင်စီ၏ “2nd 2021 Board of Directors’ Meeting” အား နိုဝင်ဘာ ၂၈ ရက်နေ့က ကျင်းပခဲ့ပြီး ကုန်သည်စက်မှု အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းစည်သူ၊ ဗဟိုအလုပ်အမှု ဆောင်   ဦးတင့်ဆွေတို့ တက်ရောက်ခဲ့ကြသည်။

မဲခေါင်ဒေသတွင်း နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ တရုတ် (ယူနန်ပြည်နယ်)၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများအတွင်း ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန် ရည်ရွယ်၍ ကျင်းပခဲ့ပြီး GMS-Business Council ဥက္ကဋ္ဌ Mr. Oudet Souvannavong မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းမှလည်း GMS အဖွဲ့ဝင်နိုင်ငံများနှင့် ရှေ့ဆက်ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

အစည်းအဝေးတွင် ၂၀၂၀ ခုနှစ်အတွင်း တိုးတက်မှုအစီရင်ခံစာ၊ GMS-BC ၏ လှုပ်ရှားဆောင်ရွက်မှုများ၊ ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံစာ၊ GMS-BC Action Plan အကောင်အထည်ဖော် ဆောင်ရေးဆွေးနွေးခြင်း၊ GMS Business Forum အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ခြင်းအခြေအနေများ၊ Greater Mekong Subregion Business Council ၏ ၁.၁.၂၀၂၁ မှ ၃၁.၁၀.၂၀၂၁ အတွင်း ဘဏ္ဍာရေးတင်ပြချက် စသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

မဟာမဲခေါင်ဒေသခွဲ စီးပွားရေးကောင်စီ (GMS-Business Council) ၏ 1st 2021 Board of Directors’ Meeting” အား ၂၀၂၁ ခုနှစ်၊ မတ်လ ၄ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကျော်ဆန်းမြင့်