လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်အမှတ်(၁၂)ရပ်ကွက်၌ "ပန်းခင်းစီမံချက်"ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ပြည်သူ့ထံအရောက်ပေးအပ်

လှိုင်သာယာ(အနောက်ပိုင်း)  နိုဝင်ဘာ  ၃၀

ရန်ကုန်တိုင်းဒေသကြီး‌‌၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အမှတ် (၁)ရပ်ကွက်ရှိ ပြည်သူများ အား နိုဝင်ဘာလ။ (၂၉)ရက်နေ့၊ နံနက်ပိုင်းက "ပန်းခင်းစီမံချက်"ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ပြည်သူ့ထံအရောက် ပြုလုပ်ဆောင်ရွက်‌ ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့‌ဆောင်ရွက်ပေးရာတွင် မြို့နယ်ဦးစီးမှူးဦးကိုကိုနှင့် ဝန်ထမ်းများသည် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ် အမှတ်(၁)ရပ်ကွက်အတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြား(၉၆)ခုအား‌ နေ့ချင်းပြီး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

ထို့အပြင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ် ဦးစီးမှူးရုံး တွင်"လူမှုဘဝ ပြည့်စုံဖို့နိုင်ငံသား ကတ်ကိုင်ကြစို့" ဆောင်ပုဒ်ဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကိုလည်း နေ့စဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ဝေဝေ