လှိုင်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ကြက်ခြေနီအသင်း၏ ဂုဏ်ပြုပွဲနှင့် သင်တန်းဆင်းပွဲ အခမ်း အနားကျင်းပ

လှိုင် နိုဝင်ဘာ ၃၀

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Center) တွင် ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က လှိုင်မြို့နယ်ကြက်ခြေနီ အသင်းခွဲ/တပ်ဖွဲ့၏ ဂုဏ်ပြုပွဲနှင့် သင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားတွင် လူဦးရေ(၃၅)ဦးခန့် တက်ရောက်ပြီး အစီအစဉ်(၇)ရပ်ဖြင့် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးကြည်မှ အဖွင့်အမှာစကားပြောကြားပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ သည့် ကြက်ခြေနီစေတနာရှင် လုပ်အားရှင်များအား ချီးကျူးဂုဏ်ပြုစကားပြောကြားခြင်း၊ ကြက်ခြေနီ ဝတ်စုံများ ပေးအပ်ခြင်း၊ စက်ဘီးများ ပေးအပ်ခြင်းနှင့် ၂/၂၀၂၁ အခြေခံရှေးဦးပြုစုခြင်း သင်တန်းဆင်း အောင်လက်မှတ်များအား ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်)