လှိုင်းဘွဲမြို့နယ်တွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၃) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
Dec 01,2021
ကရင်ပြည်နယ်၊ဘားအံခရိုင်၊လှိုင်းဘွဲမြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာနမှ နယ်စပ်ဒေသရှိ တိုင်းရင်းသူများ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ပြီး လူမှုစီးပွား ဘဝမြှင့်တင်နိုင်စေရေးအတွက် ရည်ရွယ်၍ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က မြိုင်ကြီးငူအထူးဒေသ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်း ပညာ သင်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ သည်။