မိတ္ထီလာမြို့တွင် အခြေခံပညာကျောင်းများပြန်လည်ဖွင့်လှစ်

မိတ္ထီလာ  နိုဝင်ဘာ   ၃ဝ

 မိတ္ထီလာမြို့တွင် ယနေ့ နိုဝင်ဘာလ ၃ဝ ရက်နေ့၌ အခြေခံပညာကျောင်းများပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသူကျောင်းသားများ အေးချမ်းစွာဖြင့် တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုအခြေအနေများကြောင့် ယာယီပိတ်ထားသော အခြေခံပညာကျောင်းများ  ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသူကျောင်းသားများ အေးချမ်းစွာဖြင့် တက်ရောက်ပညာသင်ယူလျက်ရှိသည်။ မိတ္ထီလာမြို့နယ်အတွင်း၌ အခြေခံပညာကျောင်း ပေါင်း ၂၆၇ ကျောင်း၊ ကိုယ်ပိုင်ကျောင်း ၁၉ ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာကျောင်း ၁၉ ကျောင်းရှိ သည်။ ပြန်လည်ဖွင့်လှစ်သော အခြေခံပညာကျောင်းများတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ စာသင်ခန်းများကို ပြင်ဆင်ထားရှိ သင်ကြားခြင်း ၊လက်ဆေးရေစင်များထားရှိပေးထားခြင်း စသည့်နည်းလမ်းများဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အတွက် လည်း ပြင်ဆင်ဆောင်ရွက်ထားရှိပြီး ဖြစ်ကြောင်းသိရသည်။

ချမ်းသာ