မိုင်းခတ် နိုဝင်ဘာ ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၊ ကျိုင်းတုံခရိုင်၊မိုင်းခတ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါအတည် ပြုလူနာ (၂)ဦးသည် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီ ဖြစ်သောကြောင့် ယနေ့ နံနက်ပိုင်းတွင် ဆေးရုံဆင်းခွင့် ရရှိကြောင်း သိရသည်။
အဆိုပါဆေးရုံဆင်းခွင့်ရရှိသူနှစ်ဦးတွင်သံဃာတော်တစ်ပါး ပါဝင်ပြီး နိုဝင်ဘာ၂၀ရက်နေ့က ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာအဖြစ် ကျန်းမာရေးဌာနမှ စစ်ဆေးတွေ့ရှိခဲ့ပြီး မြို့နယ် ပြည်သူ့ဆေးရုံရှိသီးသန့်လူနာဆောင် ၌ ၁၀ ရက်ကြာ ဆေးကုသမှုခံယူစေခဲ့ကာ ကျန်းမာရေးစစ်ဆေးချက်အရ ရောဂါကင်းစင်သွားပြီဖြစ် သောကြောင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက ဆေးရုံဆင်းခွင့်ပြုခဲ့ကြောင်း၊ ဆေးရုံဆင်းပြီးနောက် ဆက်လက်၍ မိမိ၏ နေအိမ်၌ ခုနှစ်ရက် Home Quarantine နေထိုင်သွားရန် ၊ လူစုလူဝေးဖြင့် နေထိုင်ခြင်း မပြု ရန် ၊ကျန်းမာရေးနှင့် ပတ်သက်သော ဆောင်ရန်ရှောင်ရန်များကို သတိပေးမှာကြားခဲ့ ကြောင်း သိရသည်။
မိုင်းခတ်မြို့နယ်တွင် ဇူလိုင်လ၁၃ရက်နေ့မှနိုဝင်ဘာလ၃၀ရက်နေ့နံနက်ပိုင်းအထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၁၅၈)ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ (၆၃)ဦး၊ ဆေးကုသမှု ခံယူနေသူ (၉၅)ဦး ကျန်ရှိပြီးရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။