မိုင်းခတ်မြို့နယ်တွင်ကိုဗစ်-၁၉ရောဂါပိုးကူးစက်ခံရသူ(၉)ဦး ထပ်မံတွေ့ရှိ

မိုင်းခတ် ၊​​နိုဝင်ဘာ ၃၀

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)မိုင်းခတ်မြို့နယ်တွင်ယ​မန်နေ့နံနက်ပိုင်းကကိုဗစ်-၁၉​ကာကွယ်၊ ထိန်းချုပ်၊ ကုသ​ရေးကော်မတီအဖွဲ့မှ ဦးဆောင်၍ မြို့မ​စျေးရှိ​​စျေးဆိုင်ရှင်များ ၊မြို့တွင်းဝင်/ ထွက်သွားလာသူများ၊ပိုး​တွေ့လူနာများ၏မိသားစုဝင်များ၊Contactထိ​တွေ့သူများစုစု​ပေါင်း လူဦးရေ(၈၂)ဦး အားRDTtest kitဖြင့်စစ်​ဆေးရာကိုဗစ်-၁၉​​ရောဂါပိုး(၉)ဦး တွေ့ရှိခဲ့​ကြောင်း သိရသည်။

၎င်းပိုးတွေ့လူနာများမှာ​အမှတ်(၁)ရပ်ကွက်မှ(၄)ဦး ၊အ​ထွေ​​ထွေအုပ်ချုပ်​ရေးဦးစီးဌာန မှ ဝန်ထမ်း(၁)ဦး၊ ဝမ်ခုတ်အုပ်စုဖာလိုင်း​ကျေးရွာမှ(၁)ဦး ၊မြို့မရဲစခန်းမှဝန်ထမ်း(၃)ဦး စုစု​ပေါင်း (၉)​ဦး စစ်​ဆေး​တွေ့ရှိခဲ့​ကြောင်း သိရသည်။

အဆိုပါလူနာများအား မိုင်းခတ်မြို့နယ် ပြည်သူ့ဆေးရုံသီးသန့်လူနာ​ဆောင်တွင် ဆေးကုသ​ပေး​လျက်ရှိကြောင်း မြို့နယ်ကျန်းမာ ရေးနှင့်ကုသရေးဦးစီးဌာန  တာဝန်ခံဆရာဝန်   ထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)