ဟင်္သာတ နိုဝင်ဘာ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှု လျော့နည်းစေရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီက ဟင်္သာတမြို့၊ တာကလေးရပ်ကွက် ဦးအောင်မြတ်ကျော် ဘုရားဝန်းပြည်လုံးချမ်းသာ ခန်းမနှင့် သတ်မှတ်စုရပ်များတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
မြို့နယ်အတွင်း ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းကို အသက်(၁၈)နှစ်နှင့် အထက်၊ သက်ကြီး ရွယ်အိုများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဈေးသူဈေးသားများ၊ ဟိုတယ်တည်းခိုးခန်း ဝန်ထမ်းများ၊ စက်ရုံအလုပ်ရုံဝန်ထမ်းများ၊ အလုပ်သမားအဖွဲ့များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ် ထုတ်ပြန်ထားသော ဦးတည်အုပ်စုများအလိုက် သတ်မှတ်စုရပ်များအတိုင်း ဦးစားပေးအစီအစဉ်ဖြင့် ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေး ထိုးနှံပေးခြင်းများဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မူနှင့်အတူ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမူရေး အသင်းအဖွဲ့ဝင်များက ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ စနစ်တကျ စာရင်းရေးသွင်းခြင်း တို့ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းများအတိုင်း စနစ်တကျရှိရေး ဆောင်ရွက်ပေး ခြင်း၊ ဌာနဆိုင်ရာဝန်ထမ်းများ ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ၊ လူမူရေးအဖွဲ့များက လည်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် ကျန်းမာရေးဌာန ဝန်ထမ်းများနှင့်အတူ နေ့စည်ပူးပေါင်း ပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဒေါက်တာညီညီလွင်ထံမှ သိရှိရသည်။
ကိုဇော် - ဟင်္သာတ