ကျိုင်းတုံမြို့၌ အဆင့်မြင့်ရှာဖွယ်ကယ်ဆယ်ရေး(ဆင့်ပွား)သင်တန်းဖွင့်

ကျိုင်းတုံ        နိုဝင်ဘာ ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အဆင့်မြင့်ရှာဖွယ်ကယ်ဆယ်ရေး(ဆင့်ပွား) သင်တန်း ကို နိုဝင်ဘာ ၂၉ ရက် နံနက် ၈ နာရီက ခရိုင်မီးသတ်ရုံး၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်သူက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက် အား ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြများက အဆင့်မြင့်ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ အကြောင်းအရာများကို စာတွေ့၊ လက်တွ့ သင်ကြားပို့ချသည်။

သင်တန်းတွင် ခေတ်မီ မီးငြိမ်းသတ်ရေး ပစ္စည်းကိရိယာများ အသုံးပြုနည်း၊ မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ ဥပဒေ/နည်းဥပဒေများ၊ ကျောလွယ်(HNE)ကိုင်တွယ်ထိန်းသိမ်းနည်းနှင့် အဆင့်မြင့် ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ သင်ခန်းစာများကို နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၁၀ ရက်ထိ ပို့ချ သင်ကြားပေးသွားမည်ဖြစ်ပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသား ၃၅ ဦး တက်ရောက်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)