နမ္မတူတွင် ပံ့ပိုးကူညီသော ခေါင်းဆောင်မှုကောင်း ဖြစ်လာစေရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နမ္မတူ          နိုဝင်ဘာ-၃၀

Women’s LEAD အဖွဲ့မှဦးဆောင်၍ နမ္မတူမြို့နယ်အတွင်းရှိ ပရဟိတအသင်းအဖွဲ့များ၊ အရပ်ဘက် ဆိုင်ရာအသင်းအဖွဲ့များ၊ တိုင်းရင်းသားရိုးရာစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များ ပူးပေါင်း၍ ပံ့ပိုးကူညီ သော ခေါင်းဆောင်မှုကောင်း ဖြစ်လာစေရေး အလုပ်ရုံဆွေးနွေးပွဲကို မန်နေ့နံနက် ()နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့လယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

ဆွေးနွေးပွဲတွင် ရှေ့ဦးစွာ Women’s LEAD အဖွဲ့မှ ဒေါ်အဲမေက မြို့နယ်အတွင်းရှိ အရပ်ဘက် အဖွဲ့အစည်းတွေ ကိုယ့်အဖွဲ့အချင်းချင်းပံ့ပိုးကူညီပြီးတော့ အားကောင်းတဲ့အဖွဲ့အစည်း ဖြစ်လာဖို့ ရည်ရွယ်ပြီးတော့ ပံ့ပိုးကူညီသော ခေါင်းဆောင်မှုကောင်း ဖြစ်လာစေရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ ပြုလုပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါ‌အလုပ်ရုံဆွေးနွေးပွဲတွင် ဦးစိုင်းဦးမှ ခေါင်းဆောင်ကောင်းတစ်ဦးမှာ ရှိသင့်တဲ့အရည် အချင်းများ၊ ခေါင်းဆောင်မှုပုံစံများ၊ ကောင်းမွန်စွာနားထောင်ခြင်းစွမ်းရည်များ၊ ဝေဖန်ခြင်း၊ ပူးပေါင်းပါဝင်မှုနှင့် ဆက်သွယ်ဆက်ဆံခြင်း ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးရာ တက်ရောက် လာသည့် ပရဟိတ အသင်းအဖွဲ့ဝင်များ၊ အရပ်ဘက်ဆိုင်ရာအသင်းအဖွဲ့ဝင်များ၊ တိုင်းရင်းသားရိုးရာ စာပေနှင့်ယဉ်ကျေးမှု အဖွဲ့ဝင်များက အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲအား (၃)ရက်အကြာ ပြုလုပ်သွားမည် ဖြစ်ကြောင်း မိတ်ဆွေကောင်းလူမှုကူညီရေးအသင်းမှ တာဝန်ခံ ဦးအောင်ဆန်းမြင့်ထံက သိရသည်။

လူမော် (ပြန်/ဆက်)