ငွေဆောင်မြို့၊ အလယ်ရွာကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ငွေဆောင်   နိုဝင်ဘာ   ၃၀

ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၉ နာရီက ‌ အလယ်ရွာကျေးရွာအုပ်စု အတွင်းရှိ ပြည်သူများအတွက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ငွေဆောင်မြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့ရုံးဦးစီးမှူး ဦး‌ဇင်မင်းအောင်မှ အလယ်ရွာကျေးရွာအုပ်စုရှိ နိုင်ငံသားစီစစ်ရေးကတ်ပြား ပြုလုပ်လိုသူ ပြည်သူ(၁၄၆)ဦးအား အထောက်အထားများစီစစ်ပြီး အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ကျန်ရှိနေသည့် ရပ်ကွက်နှင့်ကျေးရွာ အုပ်စုများအား ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မူမူ( ငွေဆောင်)