မင်းလှမြို့နယ်အတွင်းရှိ Quarantine Centre များ၌၂၀၂၁ခုနှစ်၊သြဂုတ်လအတွင်းဆေး ကုသမှုခံယူခဲ့သည့် ကိုဗစ်-၁၉လူနာများအားကျွေးမွေးစရိတ်ထောက်ပံ့ပေး

အထက်မင်းလှ    ဒီဇင်ဘာ ၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၁ခုနှစ်၊သြဂုတ်လ ၁ ရက်နေ့မှ ၃၁နေ့အထိ မြို့နယ်အတွင်းရှိ Quarantine Centreများတွင်ဆေးကုသမှုခံယူခဲ့သည့် ကိုဗစ်-၁၉လူနာများအားကျွေးမွေး စရိတ် ထောက်ပံ့ပေးအပ်ပွဲကို ‌ယမန်နေ့ နေ့လယ် ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်း အဝေးခန်း မ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မင်းလှမြို့နယ်ကိုဗစ်-၁၉‌ရောဂါကာကွယ်ထိန်းချုပ်‌ရေးနှင့်အ‌ ရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်က  မြို့နယ်အတွင်းရှိ Quarantine Centre များတွင် ၂၀၂၁ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှ ၃၁ နေ့အထိ ဆေးကုသမှုခံယူခဲ့ကြသည့် Positive လူနာများအား ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့်ပတ်သက်၍ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ထောက်ပံ့ငွေပေးအပ်ပွဲကျင်းပရာ၂၀၂၁ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ  ရပ်ကွက်/ ကျေးရွာ ၄၁  ရွာမှ မြို့နယ်အတွင်းရှိ Quarantine Centre များတွင် ဆေးကုသမှုခံယူခဲ့သည့် Positive လူနာ ၈၉၇ ဦးအတွက် လူတစ်ဦးအားတစ်ရက်လျှင် ၄၅၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၃၂၅၄၄၀၀၀ အားမြို့နယ်ကိုဗစ်-၁၉‌ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်‌ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကသက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများမှ တဆင့်ဆေးကုသမှုခံယူခဲ့ကြသည့် Positive လူနာများ ထံပေးအပ်ခဲ့ကြောင်းသိရသည်။

 ဇာဇာ(အထက်မင်းလှ)