ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ် သင်ကြားလျက်ရှိ

ဆင်ပေါင်ဝဲ        ဒီဇင်ဘာ     ၁

မကွေးတိုင်းဒေသကြီး ၊ သရက်ခရိုင် ဆင်ပေါင် ဝဲမြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း အခြေခံပညာ ကျောင်းများကို ယာယီ ပိတ်ထားခဲ့ရာ ယခုအချိန်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု နှုန်း ကျဆင်းလာသည့် အတွက်  အခြေခံပညာကျောင်းများအား နိုဝင်ဘာလ (၃၀) ရက်နေ့မှ  စတင်ဖွင့်လှစ် သင်ကြား လျက်ရှိသည်။

 ကျောင်းသား/သူများအား  ပညာသင်ကြားရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ စီစဉ်ဆောင်ရွက်ကာ  ကျောင်းသား/သူများ အေးချမ်းစွာ ပညာ သင်ကြား လျက်ရှိကြောင်း နှင့် ဆင်ပေါင်ဝဲမြို့နယ်၌စာသင်ကျောင်း (၁၄၆)ဖွင့်လှစ်နိုင်ပြီးမူလတန်းအဆင့် ကျောင်းသား /သူ ၇၀၈၉ ဦး၊ အလယ်တန်းအဆင့် ကျောင်းသား/သူ ၂၇၇၂ ဦး၊ အထက်တန်း အဆင့် ကျောင်းသား/ သူ ၅၄၁ ဦး ရှိကြောင်း စုစုပေါင်း ဆင်ပေါင်ဝဲမြို့နယ်၌  စာသင်ကြားလျက်ရှိသည့် ကျောင်းသား/သူ ဦးရေ ( ၁၀၄၀၂ ) ဦးရှိကြောင်း   မြို့နယ်ပညာရေးမှူး ရုံး ထံမှ သိရသည်။

ယင်းသို့ ကျောင်းသား/သူများ အေးချမ်းစွာ  ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး နှင့် အဖွဲ့ဝင်များက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ချိုချိုဝင်း(ဆင်ပေါင်ဝဲ)