သာယာဝတီ ဒီဇင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ဆိုရှယ်မီဒီယာအသုံးပြုမူဆိုင်ရာ ဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းတွင် သာယာဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက ယခုခေတ်တွင် ဆိုရှယ်မီဒီယာ အသုံးပြုမူသည် လူနေမှုဘဝထဲက အစိတ်အပိုင်း တစ်ခုလိုဖြစ်ပြီး အသုံးပြုချိန်တွေမြင့်မားလာသလို အလွန်အကျွံ အသုံးပြုတာတွေလည်း ရှိလာကြောင်း၊ ဆိုရှယ် မီဒီယာတွေဟာ လူအချင်းချင်းဆက်သွယ်ပြောဆိုမှုနဲ့ သတင်းအချက်အလက်မျှဝေဖို့ ရည်ရွယ်ဖန်တီးထားတာ ဖြစ်ပေမယ့် ဒီကနေ့ခေတ်တွင် ပိုမိုကျယ်ပြန့် နေရာ စီးပွားရေး၊ လူမှုရေး၊ အိမ်ထောင်ရေး၊ နိုင်ငံရေးစတာတွေရဲ့ ဗဟိုချက်တစ်ခုလိုကို ဖြစ်လာနေကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဦးစီးအရာရှိနန်းအေးခိုင်က ယခုလက်ရှိအချိန်သည် ကိုဗစ်-၁၉ ရောဂါကာလမို့ လူတစ်ဦး ချင်းစီရဲ့ ဆိုရှယ်မီဒီယာအသုံးပြုမှုပမာဏက ပိုမိုမြင့်တက်လာပါကြောင်း၊ Updated ဖြစ်တဲ့ သတင်း အချက်အလက်တွေကို သိဖို့လိုကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းတွင် Gmail အသုံးပြုနည်း၊ Zoom အသုံးပြုနည်း၊ Telegram အသုံးပြုနည်း စသည့်ဘာသာရပ်များ သင်ကြားပို့ချပြီး သာယာဝတီခရိုင်အတွင်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးများ၊ ဓာတ်ပုံကျွမ်းကျင်-၂ ဝန်ထမ်းများ စုစုပေါင်း (၁၈)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ တစ်ရက်တာ သင်တန်းပို့ချခဲ့ကြောင်း သိရသည်။
သန့်ဇော်