ကာလိမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူတစ်ဦးသေဆုံးပြီး (၃) ဦးထပ်မံစစ်ဆေးတွေ့ရှိ

ကာလိ ဒီဇင်ဘာ ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊  ကာလိမြို့တိုက်နယ်ပြည်သူ့ဆေးရုံ၌ နိုဝင်ဘာလ (၃၀) ရက်နေ့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံထားသူ တစ်ဦးသေဆုံးပြီး ကျေးရွာနေ ပြည်သူများမှ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသူ(၃)ဦး ထပ်မံစစ်ဆေးတွေ့ရှိခဲ့သည်။

ကိုဗစ်-၁၉ ရောဂါဖြင့်သေဆုံးသည့် နမ့်လန်ကျေးရွာနေ အသက်(၆၈)နှစ်အမျိုးသားသည် နိုဝင်ဘာလ (၂၅)ရက်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ၍ ကာလိမြို့တိုက်နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူနေစဉ် အဆိုပါအမျိုးသမီးသည် နိုဝင်ဘာလ (၃၀)ရက်နေ့ တွင် အောက်ဆီဂျင် တဖြည်းဖြည်း ကျဆင်းပြီးသေဆုံးကြောင်းဖြစ်ပြီး ၎င်း၏ရုပ်အလောင်းအား ကျန်းမာဝန်ကြီးဌာန ၏ ညွှန်ကြားချက်နှင့်အညီ သင်္ဂြိုလ်နိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများတို့က စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ ဝမ်ဖိုင်ကျေးရွာအုပ်စု၊ ဝမ်ဖိုင်ကျေးရွာနေ အသက်(၆၅)နှစ်အမျိုးသားနှင့်  အသက် (၆၀)နှစ်အမျိုးသမီး၊ ကျိုင်းလွန်း ကျေးရွာအုပ်စုဆဟန်ကျေးရွာနေ အသက်(၇၀)နှစ် အမျိုးသား တို့သည် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အနံ့မရခြင်းတို့ကြောင့် ကာလိတိုက်နယ် ပြည်သူ့ဆေးရုံသို့ သွားရောက်၍ RDT Test Kit ဖြင့် စစ်ဆေးမှုခံယူခဲ့ရာ ကိုဗစ်-၁၉ရောဂါပိုး ထပ်မံ စစ်ဆေး တွေ့ရှိပြီး  ပိုးတွေ့လူနာ(၃)ဦးတို့အား ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ တိုက်နယ် ပြည်သူ့ ဆေးရုံ အထူးကုသဆောင်၌ ဆေးကုသမှုခံယူ လျက်ရှိကြောင်း သိရသည်။

ဝင်းကျော်(ကာလိ)