ဖြူး ဒီဇင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် အမျိုးသမီးငယ်များ အိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာ တတ်မြောက်ပြီး မိသားစုဝင်ငွေရရှိစေရေးအတွက်ရည်ရွယ်ပြီး နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့် ရေးဦးစီးဌာန၊ ကွပ်ကဲမှုေအာက်ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း (ဖြူး)၏ အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၃)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၉) နာရီ တွင် အဆိုပါ သင်တန်းကျောင်း ခန်းမတွင်ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ဖြူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးစောမင်းသူက တက်ရောက်ကာ သင်တန်းဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ထွေး ရီက သင်တန်းတွင်ပို့ချမည့်ဘာသာရပ်များ၊ နေထိုင်စားသောက်ရေး အတွက်ပြင်ဆင်ထားမှုများ၊ ပြင်ပဗဟုသုတ များ၊ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးထားမှု အခြအနေများကို ရှင်းလင်း ပြောကြား ခဲ့ပြီးနောက် အခမ်းအနားတက်ရောက်လာသူများမှ ခင်းကျင်းပြသထားသည့် သင်ထောက်ကူပစ္စည်းများ၊ ခေတ်မီဒီဇိုင်း လက်ရာ များကို ကြည့်ရှုကြသည်။
အဆိုပါ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ် သင်တန်းအမှတ်စဉ် (၃)သင်တန်းတွင် သင်တန်းသူ (၄၀)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ယမန်နေ့မှစတင်၍ ရက်သတ္တပတ် (၁၈)ပတ်ကြာ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး သင်ကြားစဉ် ကာလအတွင်း ဇာထိုးပန်းထိုးနည်းများ၊ မုန့်လုပ်နည်းမျိုးစုံများ၊ အမျိုးသမီးများအတွက် အိမ်တွင်းမှု အတတ်ပညာ ရပ်များပါ ထည့်သွင်းပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
နေမျိုးလွင်