ကသာ ဒီဇင်ဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့သန့်ရှင်းသာယာလှပရေးအတွက် လမ်းမတော်လမ်းမကြီးဘေးရှိ ခရိုင်ရုံးပေါင်းစုံရှေ့ ပလက်ဖောင်းနေရာတွင် လူသွားလမ်းပြုလုပ်ခြင်းနှင့် အလှပန်းပင်စိုက်ပျိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
အဆိုပါလုပ်ငန်းများကို စည်ပင်သာယာရေး၏ မီနီဘတ်ဂျက်မှ ငွေကျပ်(၆၃)သိန်းဖြင့် နိုဝင်ဘာလ ဆန်းပိုင်းမှစတင်ဆောင်ရွက်ခဲ့ပြီး လူသွားလမ်းကို ကသာမြို့ရှိ ဆည်မြောင်းရုံးမှ MPT ရုံး အထိ ပြုလုပ် ထားကာ လူသွားလမ်းဘေးတွင်လည်း အလှပန်းပင်များ စိုက်ပျိုးထားသည်။ ထို့အပြင် ကသာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများသည် မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းများကို နေ့စဉ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)