မိုင်းရယ် ဒီဇင်ဘာ ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် (၆)လ ဘတ်ဂျက်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ဆောင်ရွက်ရန် ရန်ပုံငွေပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မိုင်းရယ်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အဆိုပါ စီမံကိန်းဆောင်ရွက်မည့် ကျေးရွာများမှာ ပုံကတ်နမ့်အွန်ကျေးရွာ၊ နားခေါ် ကျေးရွာ၊ တာပေါက်ကျေးရွာနှင့် ကုန်းညုကျေးရွာ တို့ဖြစ်ပြီး ကျေးရွာတစ်ရွာလျှင် ကျပ်သိန်း (၁၀၀)စီဖြင့် စုစုပေါင်း ရန်ပုံငွေ ကျပ်သိန်း(၄၀၀)ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှူးတို့က ကျေးရွာအုပ်ချုပ်ရေးမှူးများထံ အသီးသီး လွှဲပြောင်းပေးအပ် ခဲ့ကြောင်း သိရသည်။
ခွဲဝေရရှိသည့် ရန်ပုံငွေကို ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် လမ်း၊ တံတား၊ ရေပေးရေး၊ ကျေးရွာဘက်စုံသုံးခန်းမ၊ ကျေးရွာ စာသင်ကျောင်းပြုပြင်ခြင်း လုပ်ငန်းများတွင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇင်ထိုက်