မြိုင်ကြီးငူ-မယ်သဝေါ ပြည်လင်းအေးမြိုင် ကားလမ်းမကြီးအား လမ်းဘေးဝဲ၊ ယာ တိုးချဲ့ခြင်းနှင့် ကတ္တရာလမ်း ထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

လှိုင်းဘွဲ  ဒီဇင်ဘာ ၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူ (အထူးဒေသ) နှင့် မယ်သဝေါကျေးရွာသို့ ဆက်သွယ် ဆောက်လုပ်ထား သည့် ပြည်လမ်းအေးမြိုင် ကားလမ်းအပိုင်းကို ကတ္တရာလမ်းထပ်ပိုးလွှာခင်းခြင်းနှင့် လမ်းဘေးဝဲ၊ ယာ တိုးချဲ့ခြင်း လုပ်ငန်းများကို ဒီဇင်ဘာလဆန်းပိုင်းမှ စတင်၍ ဆောင်ရွက်နေလျက် ရှိကြောင်း သိရသည်။

အဆိုပါ ပြည်လင်းအေးမြိုင်ကားလမ်းအား နိုင်ငံတော်၏ ထောက်ပံ့ငွေနှင့် ပြည်တွင်း၊ ပြည်ပမှ စေတနာရှင်ပြည်သူများ ပါဝင်လှူဒါန်းငွေများဖြင့် (၁၈) ပေအကျယ် ကတ္တရာလမ်း ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းနှင့် လမ်းဘေးဝဲ၊ ယာ တိုးချဲ့ခြင်း လုပ်ငန်း များကို မြိုင်ကြီးငူနန်းဦးဘေးမဲ့တောရ ကျောင်းတိုက်ဦးစီးပဓာနနာယက ဒုတိယ မြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တဉာဏိကမှ မြိုင်ကြီးငူ တိုက်ကြပ်ဆရာတော် ဘဒ္ဒန္တကုသလအား လမ်းပြုပြင်ရန် တာဝန်ပေးအပ်သဖြင့် တိုက်ကြပ်ဆရာတော် ဘဒ္ဒန္တကုသလနှင့် တပည့် ဒါယကာ၊ ဒါယိကာမများက ဆောင်ရွက်ပေးနေ လျက်ရှိ ကြောင်း၊ လမ်းဘေးဝဲ၊ ယာ တိုးချဲ့ခြင်းနှင့်ကတ္တရာ လမ်းထပ်ပိုးလွှာခင်းခြင်း လုပ်ငန်း များကို မြိုင်ကြီးငူ-မယ်သဝေါ၊ ပြည်လင်းအေးမြိုင် ကားလမ်းမကြီးပေါ် ရှိ  ကျုံထော်ရေတံခွန်အထိ ဆောင်ရွက်ပြီးစီးနေပြီး ဖြစ်ကြောင်း ဒေသခံပြည်သူ တစ်ဦးထံမှ သိရှိရသည်။

လင်းသန့်(ပြန်/ဆက်)