ရေနံချောင်းမြို့နယ်၊ ညောင်လှ ၊ သူဌေးကုန်းရပ်တွင် ကိုဗစ်ကာလ ခက်ခဲသော မိသားစုများအား ဆန်၊ ဆီ လှူဒါန်း

ရေနံချောင်း      ဒီဇင်ဘာ   ၇

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊  လင်းလက်​​မြေဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ယမန်နေ့ နေ့လည် (၁)နာရီ အချိန်ခန့်က ရေနံချောင်းမြို့ လင်းလက်မြေ ပညာဒါန (ပရဟိတ) ကျောင်းအကျိုးတော်ဆောင်ဆရာတော်၏ အကျိုးဆောင်မှုဖြင့် ကြံ့နှစ်ကောင်ဖောင်ဒေးရှင်း (မန္တလေး) ၏ ပဥ္စမအကြိမ်မြောက် အလှူတော်အဖြစ်ရေနံချောင်းမြို့၊ညောင်လှ ၊ သူဌေးကုန်းရပ် မှ ကိုဗစ်ကာလခက်ခဲသော  အိမ်ထောင်စုဦးရေ(၁၀၀)အတွက် ဆန် ၊ ဆီ လှူဒါန်းမှု ဆောင်ရွက်ခဲ့ ကြကြောင်းသိရသည်။

အဆိုပါ ဆန်၊ ဆီ လှူဒါန်းမှု တွင် ကိုဗစ်ကာလ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ တစ်အိမ်ထောင် လျှင်ဆန်(၃)ပြည်၊ ဆီ(ပိဿာ)ဗူး တစ်ဗူးနှုန်းဖြင့် အိမ်ထောင်စု (၁၀၀)အတွက် ပြန်လည် ၍ အကျိုးဆောင်လှူဒါန်းပေးခြင်းဖြစ်ကြောင်း လင်းလက်မြေပညာဒါန (ပရဟိတ) ကျောင်း အကျိုးတော်ဆောင် ဆရာတော်ထံမှ သိရှိရသည်။

ငြိမ်းငြိမ်းအိ