ကဝ ဒီဇင်ဘာ ၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးခြင်းကို ငါးထပ်ကြီးဘုရား ရင်ပြင်တော်တွင် ယနေ့ နံနက်(၉)နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက် များနှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကဝမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို သတ်မှတ်စုရပ်များအလိုက် ဆက်လက် ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်းနှင့် ယနေ့တွင် ပြည်သူ(၁၅၇၀)ဦးအား ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်ပြီး စုစုပါင်းကာကွယ်ဆေးထိုးပြီးသူဦးရေ (၉၁၄၅၅)ဦးရှိပြီး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
ထိုသို့ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီမှအဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ပရဟိတ လူမှုရေးအသင်း အဖွဲ့များ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)