လူထုအခြေပြုဗဟိုဌာနတွင် ပန်းအလှပြင်နည်း သင်တန်းအခမဲ့ဖွင့်လှစ်

အမရပူရ ဒီဇင်ဘာ ၉

မန္တလေးခရိုင်၊ အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် (၁၀) နာရီ က ပန်းအလှပြင်သင်တန်း အခမဲ့ဖွင့်လှစ်သင်ကြားခဲ့သည်။

ပန်းအလှပြင်သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်လှက အမျိုးသမီးများ အိမ်တွင်းမှုပညာဖြင့် ဝင်ငွေရှာရာတွင် တစ်ဖက်တစ်လမ်းက အထောက်အကူ ဖြစ်စေရေးအတွက် ရည်ရွယ်၍ သင်တန်းဖွင့်လှစ် ပါကြောင်း အမှာစကားပြောကြားပြီး သင်တန်းနည်းပြ ဒေါ်ပြည့်ဖြိုးဝေက မိမိအိမ်တွင်လည်းကောင်း၊ မင်္ဂလာအခမ်းအနားများတွင် လည်းကောင်း၊ မိမိတို့တတ်ထားတဲ့ ပန်းအလှဆင်တဲ့လက်မှုပညာနဲ့ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင် ကြောင်း ပြောကြားကာ ပန်းအလှပြင်နည်းကို လက်တွေ့ပြသခဲ့သည်။ အဆိုပါသင်တန်းကို သင်တန်းသူ (၁၀) ဦး တက်ရောက် သင်ကြားကြကြောင်း သိရ သည်။

တင်တင်လှ-အမရ