ပြည်သူများအား စျေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေးဆန်၊ ဆီ၊ ကြက်ဥနှင့် အသားများ တွံတေး၌ ရောင်းချ ပေးလျက်ရှိ

တွံတေး ဒီဇင်ဘာ ၉

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း အခြေခံ စားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေးရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်တို့၏ ဦးဆောင်မှုဖြင့် တွံတေမြို့နယ် စည်ပင်သာယာရေး အဖွဲ့တို့ ပူးပေါင်း၍ တွံတေးမြို့နယ်တွင် ယနေ့ နံနက် ၉နာရီက အုန်းပင်စုရပ်ကွက်၊ ရွှေဆံတော် ဘုရားလမ်းမကြီးပေါ်ရှိ အ.ထ.က(၁)ကျောင်းရှေ့နှင့် စျေးသစ်ရပ်ကွက်ရှိ မြို့မစည်ပင်သာယာရေး စျေးရှေ့တို့တွင် ဆန်၊ ဆီ သယ်ယူပို့ဆောင်ရေးနှင့်ရောင်းချရေး ယာဉ်တော်ယာဉ်များ၊ အသားရောင်းယာဉ်တို့ဖြင့် မြို့နယ်နေပြည်သူများအား‌ အခြေခံစားသောက်ကုန်များ ဖြစ်သည့် ဆန်နှင့် ဆီ၊အသား များကို ဈေးနှုန်းသင့်တင့်စွာ လာရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ ရောင်းချပေးရာတွင် ပြည်သူများ ဈေးနှုန်းသင့်တင့်စွာ ဝယ်ယူနိုင်ရေးအတွက်ဆန်ကြမ်း(၁) ပြည်လျှင် ငွေကျပ် ၁၀၀၀နှုန်းဖြင့် (၅)ပြည်အိတ်တစ်အိတ်ကို ငွေကျပ် ၅၀၀၀ နှုန်းဖြင့်လည်းကောင်း၊ ပေါ်ဆန်း(၁)ပြည်လျှင် ငွေကျပ် ၁၇၀၀ နှုန်းဖြင့်(၅)ပြည်အိတ် တစ်အိတ်ကို ငွေကျပ် ၈၅၀၀ နှုန်းဖြင့်လည်းကောင်း ဆီ ၅၀ သား တစ်ဘူးကို ငွေကျပ် ၁၈၅၀ ဖြင့် လည်းကောင်း၊ ကြက်ဥ၁၀လုံး တစ်ကဒ်ကို၁၃၀၀ကျပ်၊ ဆိတ်သားတစ်​​ပိသာကို၁၈၀၀​ကျပ်နှုန်း ဖြင့် ပိသာချိန်(၄၀)၊ အမဲသား တစ်ပိသာကို ၁၂၀၀၀ကျပ်ဖြင့် ပိသာချိန်(၂၀)ရွေ့လျား စျေးကား Mobile Market ဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများက ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုမျိုး