ဝေါ ဒီဇင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၌ ယမန်နေ့ ညနေပိုင်းအထိ မြို့နယ် ကျန်းမာရေးဦးစီးဌာန၏ Test Kit (RDT) ဖြင့် ဝေါမြို့နယ် ကျန်းမာရေးဦးစီးဌာနရှိ ကျန်းမာရေးဝန်ထမ်းများမှ အဖွဲ့များခွဲ၍ ဝေါမြို့ ပြည်သူ့ဆေးရုံဟောင်း၊ သူရဲသမိန်တိုက်နယ်ဆေးရုံနှင့် မြစ်ကျိုးတိုက်နယ် ဆေးရုံတို့ရှိ အနံ့ပျောက် သံသယရှိသူ လူနာ (၁၂၅) ဦးအား Test Kit (RDT) ဖြင့် စစ်ဆေးခဲ့ရာ မြစ်ကျိုးကျေးရွာမှ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာအသစ် (၂)ဦး ထပ်မံတွေ့ရှိခဲ့ပြီး ယနေ့ထိ ဝေါမြို့နယ်တွင် ပိုးတွေ့သူ စုစုပေါင်း(၁၇၃၅) ဦးရှိပြီး၊ဆေးရုံမှဆင်းခွင့်ရသူ (၁၆၀၄) ဦး၊ အခြား မြို့နယ်ပြောင်းရွေ့ (၅) ဦး၊ ဝေါမြို့နယ်အတွင်း Positive လူနာ စုစုပေါင်းဆေးရုံလက်ကျန်လူနာ (၆) ဦးနှင့် ယနေ့ထိ သေဆုံးသူ စုစုပေါင်း (၁၂၀) ဦးရှိကြောင်း ဝေါမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။
ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုမှ ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဦးဆောင်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာများ၊ ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ် ဖွဲ့ဝင်များ၊ ပရဟိတအသင်းဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များက ပူးပေါင်း၍ ကြိုတင်ကာကွယ်ရေး လုပ်ငန်း များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်မြတ်လင်း