နတ်မောက်မြို့နယ် ဘုန်းတော်ပြည့်ကျေးရွာတွင် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ

နတ်မောက်  ဒီဇင်ဘာ  ၉

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ဘုန်းတော်ပြည့်ကျေးရွာတွင်  ကွင်းအမှတ် ၁၂၀၃၊ ဦးပိုင်အမှတ်  ၂၃/၁၄ တောင်သူဦးမှတ်ကျော်၏ မိုးစပါးစံပြကွက် ဧရာပဒေသာ (၀ ဒဿမ ၄၀) ဧက စိုက်ခင်းတွင် ယမန်နေ့နံနက်ပိုင်းက စံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။

ထိုသို့ရိတ်သိမ်းရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် မြေစာရင်းဦးစီးဌာနနှင့် တောင်သူများပူးပေါင်းပြီး ၆ ဒဿမ ၆ ပေ စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧက စပါးအစိုအထွက်နှုန်း (၇၈) တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ်တွင် ၂၀၂၁- ၂၀၂၂ ခုနှစ်တွင် ရေနည်းလမ်းအလိုက် မိုးစပါးစိုက်ပျိုးပြီးစီးမှု   အစိုးရဆည်/ကန်ရေဖြင့်  ၂၆၃၁ ဧက၊ ဆည်/ကန် ငယ်ရေဖြင့် ၂၂၃၄ ဧက၊ မိုးရေသောက်  ၁၁၆၃၈ ဧကစုစုပေါင်း ၂၁၅၀၃ ဧက စိုက်ပျိုးပြီးစီးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချို ထံမှ သိရသည်။

သင်းသင်းမြတ်