ဂွ ဒီဇင်ဘာ ၉
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် မြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် လုံခြုံရေးအတွက် ဧည့်စာရင်း စစ်ဆေးဆောင်ရွက်ခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ည၉နာရီက ပူးပေါင်းရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာ၌ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရွာမရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ ပါဝင်သော ပူးပေါင်းရေးအဖွဲ့သည် ရွာမရပ်ကွက်၊ နတ်စင်လမ်းအတွင်းရှိ အိမ်ထောင်စု (၇)စုမှ ကျား(၁၀)ဦး၊ မ(၈)ဦး၊ စုစုပေါင်း (၁၈)ဦးတို့အား ဧည့်စာရင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ ထူးခြားမှုတစ်စုံတရာ မရှိခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်