မင်းဘူး ဒီဇင်ဘာ ၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ အဖွဲ့ဝင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးနိုင်ဦးကျော်၊ ခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန လ/ထညွှန်ကြားရေးမှူး ဦးတင်မျိုးလှိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများလိုက်ပါကာ ဒီဇင်ဘာ ၈ ရက်နေ့ နံနက်ပိုင်းက ငဖဲမြို့နယ်နှင့် စေတုတ္တရာမြို့နယ်တို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအဖွဲ့သည် ငဖဲမြို့နယ်သို့ သွားရောက်၍ နောင်တွင်ကျင်းပ မည့်ရွေးကောက်ပွဲအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ မဲစာရင်းများ ကြိုတင်ဖြည့်စွက်စိစစ် ဆောင်ရွက်နေ မှုများကို ကြည့်ရှုအားပေးပြီး စာရင်းများမှန်ကန်စွာ ဖြည့်စွက်ဆောင်ရွက်သွားရန်မှာကြားသည်။ ထို့နောက် ငဖဲမြို့နယ်ပြည်သူ့ ဆေးရုံးဝန်းအတွင်း အောက်စီ ဂျင်စက် လည်ပတ်ထုတ်လုပ်နေမှုအခြေအနေများနှင့် ငဖဲမြို့မဈေး မီးဘေးလုံခြုံရေးတို့ကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး ဈေးကြီးအတွင်း၌ လုံခြုံရေးမီးမှအပ ကျန်မီးကြိုးများကို သွယ်တန်းတပ်ဆင် အသုံးပြုခြင်း လုံးဝမပြုလုပ်ရန် လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ စေတုတ္တရာမြို့နယ် မွန်ဇော်ကျေးရွာရှိ တောင်သူများ၏ Quick Win အစီအစဉ်ဖြင့် စိုက်ပျိုးသော မိုးစပါးမျိုး စေ့ထုတ်စိုက်ခင်း သို့သွားရောက်ကာ ဆင်းသုခ မျိုးစပါး ၁၀ ဧက စံပြကွက်ရိတ် သိမ်းရန် ပြင်ဆင်ဆောင်ရွက် ထားရှိမှုနှင့် စေတုတ္တရာမြို့ပြည်သူ့ဆေးရုံးဝန်းအတွင်း အောက်စီဂျင်စက် စတင်လည်ပတ်စမ်းသပ်ထုတ် လုပ်နေမှုအခြေအနေများကို ကြည့်ရှု့စစ် ဆေးခဲ့သည်။ ယင်းနောက် စေတုတ္တရာမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ မဲစာရင်းများ ကြိုတင်ဖြည့် စွက် စိစစ်ဆောင်ရွက် နေမှုနှင့် စေတုတ္တရာမြို့ အခြေခံပညာအထက်တန်ကျောင်းတွင် ကျောင်းသား/သူများ ပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားနေမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့သည်။
ထိုမှတစ်ဆင့် စေတုတ္တရာမြို့နယ်ရှိ မုန်းချောင်းရေလှောင်တမံသို့သွားရောက်ကာ တမံအတွင်း ရေဝင်ရောက်မှု၊ အကူရေပိုလွှဲ တည်ဆောက်ခြင်းလုပ်ငန်းနှင့် မုန်းချောင်းရေအားလျှပ်စစ် ဓါတ်အားပေး စက်ရုံမှ ထုတ်လုပ်ဖြန့်ဖြူးပေးနေမှု လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးရာ စက်ရုံတာဝန်ခံများက လိုက်လံ ရှင်းလင်းတင်ပြကြသည်။ အဆိုပါရေလှောင်တမံရှိ မုန်းချောင်းရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံမှ နေ့စဉ်တစ်ရက်လျှင် လျှပ်စစ်ဓာတ်အား ၇၅ မဂ္ဂါဝပ် (75 MW) ထုတ်လုပ်လျက်ရှိပြီး နိုင်ငံတော်မဟာ ဓာတ်အားလိုင်းနှင့် စေတုတ္တရာမြို့နယ်သို့ ပေးပို့ဖြန့်ဖြူးဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)