ကျိုက်လတ် ဒီဇင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန၊ ဦးစီးမှူးနှင့် ဝန်ထမ်းများက ပြည်သူ့စာကြည့်တိုက် ဝန်ဆောင်မှုအနေဖြင့် ပြည်သူများ စာပေဖတ်ရှုလေ့လာခွင့်ရရှိစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတက်စေရန်နှင့် အသိပညာ ဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာရုံးများသို့ Mobile library ဖွင့်လှစ်၍ စာအုပ်များငှားရမ်းပေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၁ဝ)နာရီက မြို့နယ်စားသုံးသူရေးရာဦးစီးဌာနရုံးတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ Mobile library ဖွင့်လှစ်၍ စာအုပ်များ ငှားရမ်းပေးရာတွင် စာဖတ်ပရိသတ်များအား စာကြည့်တိုက်အသင်းဝင်များ ပြုလုပ်ပေး၍ သုတစာအုပ်များ၊ ရသစာအုပ်များ၊ ပုံပြင်၊ ရုပ်ပြ၊ မဂ္ဂဇင်း၊ ဝတ္တုစာအုပ်များနှင့် အသိပညာဗဟုသုတများစွာရရှိမည့် စာအုပ်များစုံလင်စွာ ငှားရမ်း ပေးခဲ့ပြီး တစ်ပတ်ပြည့်လျှင် စာအုပ်စာစောင် အသစ်များဖြင့် အပတ်စဉ် လဲလှယ်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဌေးဌေးလှိုင်
ကျိုက်လတ်(ပြန်/ဆက်)