ကျိုက်လတ်မြို့နယ် Community Centre ခန်းမ၌ အမျိုသမီးအကြမ်းဖက်မှု ပပျောက်ရေး ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ကျိုက်လတ်    ဒီဇင်ဘာ     ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌  ယနေ့နံနက် ၁၁ နာရီက Women Club အဖွဲ့ဝင်များနှင့် အမျိုသမီးအကြမ်းဖက်မှု ပပျောက်ရေးခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးလှိုင်က စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ ပြုလုပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး   အမျိုးသမီးများ၏   အခန်းကဏ္ဍနှင့် အမျိုးသမီးဖွံ့ဖြိုး ရေးအကြောင်းများ ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်ပြီး Women Club အဖွဲ့ဝင် ဒေါ်ဝေဝေလွင်နှင့် ဒေါ်ဝင်းဝင်းဌေးတို့ကအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲတွင်  နှစ်သိမ့်ဆုရ ရွှေနန်းမေ  ရေးသားသည့်အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ဖို့ ယခုပင် ဆောင်ရွက်စို့ဆောင်းပါးတွင် ရေးသားထားသည့်  ကျားမရေးရာတန်းတူမှု၊ အမျိုးသမီးများ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုခေါင်းစဉ်များဖြင့် ဖတ်ကြား၍ တက်ရောက်လာသူများနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဌေးဌေးလှိုင်

မြို့နယ်( ပြန်/ဆက်)