နမ့်ခမ်းမြို့၌ (၂)လနှင်(၆)လအရွယ် ကလေးငယ်များ ပုံမှတ်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် တိုက်ကျွေးခြင်း လုပ်ငန်းများ ဆောင်ရွက်

နမ့်ခမ်း        ဒီဇင်ဘာ      ၁၀

မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် မြို့ပေါ်ရှိ (၂)လနှင့် (၆)လအရွယ် ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် တိုက်ကျွေးပေးခြင်းကို ယနေ့နံနက်ပိုင်း(၉)နာရီအချိန်တွင် နမ့်ခမ်းမြို့ ခုတင်(၁၀၀)၊ ပြည်သူ့ဆေးရုံရှိ မိခင်နှင့်ကလေးရုံး၌ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း နှင့် တိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း၊ တိုက်ကျွေးခြင်းကို ကလေးငယ်များ၏ အသက်အပိုင်းအခြား အလိုက် အသည်းရောင် ဘီပိုး(BCG)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်(PCV)၊ ဝမ်းပျက်ဝမ်းလျှော နှင့် ဝက်သက်-ဂျိုက်သိုး ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ တိုက်ကျေးခြင်း ဆောင်ရွက် လျှက်ရှိပြီး အပတ်စဉ် တနင်္လာနေ့၊ ဗုဓ္ဒဟူးနေ့နှင့် သောကြာနေ့ နံနက်(၉)နာရီမှ ညနေ(၄) နာရီ အထိ (၁)ပတ်လျှင် (၃)ရက် ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပါသည်။

ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးရမည့် မြို့ပေါ်ရှိ ကလေးငယ်များအား ကာကွယ်ဆေး အကြိမ်ပြည့်အချိန်မီ ထိုးနှံ တိုက်ကျွေးနိုင်ရေးအတွက် မြို့နယ်ပြည်သူ့ကျန်းမာရေး ဝန်ထမ်း များနှင့် မိခင်နှင့်ကလေးအဖွဲ့က အပတ်စဉ်ဆောင်ရွက်ပေးလျှက်ရှိပြီး ကလေးမိဘများက ကာကွယ်ဆေးကို လိုလားစွာ လာရောက်ထိုးနှံ တိုက်ကျွေးလျက်ရှိကြောင်း သိရသည်။

ဆိုင်ထွန်း(နမ့်ခမ်း)