ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလားတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး ပင်းတယမြို့ယူ-၁၈ ပြေးခုန်ပစ်အားကစားသမားများ စခန်းသွင်းလေ့ကျင့်လျက်ရှိ

ပင်းတယ   ဒီဇင်ဘာ  ၁၀

ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့ပြည်နယ် အားကစားကွင်းတွင် ကျင်းပမည့် ယူ-၁၈ပြေးခုန်ပစ်အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားနှင့် လူငယ်ရေး ရာဝန်ကြီးဌာန ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အားကစားနှင့်ကာယပညာဦးစီးဌာန ပင်းတယမြို့နယ်မှအားကစားသမားများအား  လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မိုး မောင်က ဦးဆောင်၍ မြို့နယ်အားကစားကွင်း၌ ၂၀၂၁ ခုနှစ် အောက်တိုဘာလ(၅)ရက်နေ့ မှ စတင်ကာစခန်းသွင်းလေ့ကျင့်ပေးလျက်ရှိကြောင်းသိရသည်။

(၁၄-၁၂-၂၀၂၁)ရက်နေ့မှ (၁၆-၁၂-၂၀၂၁)ရက်ထိ တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်းကျင်းပပြုလုပ်မည့် တာတို၊ တာလတ်၊အခုန်၊အပစ်နှင့်လမ်းလျှောက် ပြိုင်ပွဲအားလုံးတွင် ပင်းတယမြို့နယ် ဒေသခံ အားကစားသမားများက ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပီး အဆိုပါပြိုင်ပွဲ စုံတွင်ကျား(၈)ဦး ၊မ(၈)ဦးဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း နှင့် ယခုလို ပါဝင်ယှဉ်ပြိုင်ခြင်းအားဖြင့် အားကစားသမား၏ အားနည်းချက်၊ အားသာချက်များကို သိရှိစေရန်၊အားကစားမှ ရရှိလာမည် အကျိုးရလဒ်များ၊နိုင်ငံဂုဏ်ဆောင် အားကစား သမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်ကြောင်း ပင်းတယမြို့ အားကစားနှင့်ကာယပညာဦးစီးဌာန မှသိရသည်။


မြို့နယ်(ပြန်/ဆက်)