မြို့သစ် ဒီဇင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်စာအုပ် စာစောင်ချစ်မြတ် နိုးသူအသင်း (Book Club) အဖွဲ့တို့ပူးပေါင်း၍ ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် မသန်စွမ်းသူများဆိုင်ရာ အသိပညာပေး ဆွေးနွေး ပွဲ (Talk Show)ဆောင်ရွက်ခဲ့သည်။
အဆိုပါမသန်စွမ်းသူများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show)တွင် မြို့နယ်ပြန် ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်သံကျွမ်းကျင်-၃ ဒေါ်မြင့်မြင့်ထွေးမှ မသန်စွမ်းသူများနှင့် ပတ်သက်သည့် အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ရခြင်းရည်ရွယ်ချက်ကိုပြောကြား၍ မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့ဝင်များဖြစ်သည့် ဆရာဦးမြင့်ကြည်၊ ဦးတင်ရွှေ၊ ဦးတင်မောင်ဝင်းတို့မှ မသန်စွမ်းသူများ၏ အခွင့်အရေးများ၊ မသန်စွမ်း သူများအား နိုင်ငံတော်မှ ကူညီထောက်ပံ့ပေး နေမှုအခြေအနေများ၊ လူမှုပတ်ဝန်းကျင်တွင် မသန်စွမ်းသူများအား ကူညီစောင့် ရှောက်ပေးနိုင်ရေးအတွက် အသိပညာပေးအကြောင်းအရာများကို ဆွေးနွေးပြောကြား ခဲ့ကြောင်းသိရသည်။
ဝင်းအိဇွန် ( ပြန်/ဆက်)