ဧရာ၀တီတိုင်း​ဒေသကြီးတွင်(၇၄)နှစ်​မြောက်လွတ်လပ်​ရေး​နေ့ အခမ်းအနား​အောင်မြင်စွာ   ကျင်းပနိုင်​ရေးလုပ်ငန်း​ကော်မတီအစည်းအ​ဝေးကျင်းပ                                                                

ပုသိမ် ဒီဇင်ဘာ ၉    

ဧရာဝတီတိုင်း​ဒေသကြီးတွင် ၂၀၂၂ခုနှစ် (၇၄)နှစ်​​မြောက် လွတ်လပ်​​ရေး​နေ့အခမ်းအနား​ အောင်မြင်စွာကျင်းပနိုင်​ရေး လုပ်ငန်း​ကော်မတီအစည်းအ​ဝေးကို ယ​နေ့ တိုင်း​ဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအ​ဝေးခန်းမ( ၁)၌ကျင်းပရာ (၇၄)နှစ်​​မြောက်လွတ်လပ်​​ရေး​နေ့ အခမ်းအနား​ကျင်းပ​ရေး ဦးစီး​ကော်မတီနာယက တိုင်း​ဒေသကြီးဝန်ကြီးချုပ်ဦးတင်​မောင်ဝင်းက " နှစ်စဥ်ကျင်းပလျက်ရှိသည့် လွတ်လပ်​​ရေး​နေ့အထိမ်းအမှတ် အခမ်းအနား​ကို အနှစ်သာရရှိရှိ ​ဆောင်ရွက်သွားကြရန်၊ လွတ်လပ်​​ရေး​နေ့အခမ်းအနား​များကျင်းပသကဲ့သို့ ပြည်သူများ ကျန်းမာကြံ့ခိုင်​ရေးအတွက် အားကစားပြိုင်ပွဲများကျင်းပနိုင်​ရေး ​ဟော​ပြောပွဲ၊စာစီစာကုံး၊ကဗျာပြိုင်ပွဲများကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ​ဆောင်ရွက်သွားကြရန်၊ တိုင်း​ဒေသကြီးအဆင့်နှင့်​လျော်ညီသည့်ဆုများချီးမြှင့်သွားကြရန်နှင့် လုပ်ငန်း​ကော်မတီအလိုက်ကြိုတင်ပြင်ဆင်ထားရှိကြရန်နှင့်​ပေါင်းစပ်ညှိနှိုင်း​ဆောင်ရွက်သွားကြရန်" စသည့်ဖြင့် အမှာစကား​ပြောကြားသည်။

ထို့​နောက်

 (၇၄)နှစ်​​မြောက် လွတ်လပ်​​ရေး​နေ့အခမ်းအနား​ကျင်းပ​ရေး​ ကော်မတီဥက္ကဋ္ဌ လုံခြုံ​ရေးနှင့်နယ်စပ်​ရေးရာ၀န်ကြီး ဗိုလ်မှူးကြီး​ကျော်စွာလှိုင်က ယခင်နှစ် ကျင်းပခဲ့သည့် အ​​ခြေအ​နေများကို ရှင်းလင်း​ဆွေး​နွေးပြီး လုပ်ငန်း​ကော်မတီ(၁၀ )ခုမှ ဥက္ကဋ္ဌနှင့် အတွင်း​ရေးမှူးများက မိမိတို့ လုပ်ငန်း​​ကော်မတီအလိုက် ​ဆွေး​နွေးတင်ပြခဲ့ကြသည်။ ထို့​နောက်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား​ပြောကြားခဲ့​ကြောင်းသိရသည်။                                   

ကိုတွတ်